China(Nanning)

ကိုရိုနာကူးစက်ရောဂါကို တစ်နာရီအတွင်း သရုပ်ခွဲပေးနိုင်မည့် စမ်းသပ်နည်းသစ်တစ်ရပ်ကို ဟောင်ကောင်ပေါ်လီတက်ကနစ်တက္ကသိုလ်က တီထွင်နိုင်ခဲ့

Last Updated:

ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဟောင်ကောင်ပေါ်လီတက်ကနစ်တက္ကသိုလ်မှ ထုတ်ပြန်ကြေငြာချက်အရ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါ၏ Point-of-Care Genetic Testing (POCIT) အမည်ရ စမ်းသပ်ချက်အတွက် စက်များကို အသုံးပြုလျက် တစ်နာရီအတွင်း ရောဂါကို လျင်မြန်စွာ သရုပ်ခွဲဖော်ထုတ်နိုင်မည့်စနစ် ကို တီထွင်ခဲ့ကြောင်း သိရပါသည်။

၎င်းစမ်းသပ်နည်းအသစ်သည် ကိုရိုနာကူးစက်ရောဂါ၊ SARS နှင့် အေအမျိုးအစား တုပ်ကွေးရောဂါများအပါအဝင် ဘက်တီးရီးယားနှင့် ကူးစက်ရောဂါပိုး (ဗိုင်းရပ်စ်) ပေါင်း (၃၀) ကျော်ကို သရုပ်ခွဲနိုင်မည်ဖြစ်ပြီး လက်ရှိနည်းပညာထက် (၂)ဆပိုမိုစစ်ဆေးနိုင်ခြင်း ဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးသည့်စက်၏ ကုန်ကျစရိတ်မှာ ပိုမို နည်းပါးသဖြင့် ယခုနည်းပညာသစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ပြီး၊ အများအပြားထုတ်လုပ်နိုင်ရန် အသင့်ဖြစ်နေကြောင်း ကြေငြာချက်တွင်ဖော်ပြထား ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ CASTC (၁၃-၂-၂၀၂၀)

Category: China(Nanning)