Japan

ကိုရိုနာကပ်ရောဂါပြန့်ပွားနေမှုကြောင့် တိုကျိုမြို့တွင် Telework အသုံးပြုမှုသည် ၅၀ ရာခိုင်နှုန်းကျော်ရှိလာကြောင်း ဂျပန်အစိုးရအဖွဲ့ရုံး ထုတ်ပြန်ခဲ့

Last Updated:

ဂျပန်အစိုးရအဖွဲ့ရုံး၏ ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရ ကိုရိုနာကပ်ရောဂါ ကူးစက်မှုကြောင့် မြို့တော်တိုကျိုတွင် Telework ကို အသုံးပြုလာမှုသည် တစ်နိုင်ငံလုံး၏ ၃၀ % ကျော်ရှိလာပြီး အသုံးပြုသူများအနက် အလုပ်အကိုင်ပုံစံထက် နေထိုင်မှုဘဝပုံစံ ပြောင်းလဲလိုသူ ဉီးရေသည် ၆၀ % နှင့် ဒေသန္တရဒေသများသို့ ပြောင်းရွှေိ့နေထိုင်လိုသူ ဉီးရေသည်လည်း မြင့်တက်လာကာ ၂၀% အထိ ရှိလာကြောင်း သိရှိရပါသည်။

အဆိုပါစစ်တမ်းကို ကိုရိုနာကပ်ရောဂါကူးစက်ပြန့်ပွားပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး တိုကျိုမြို့တော် နေရာအနှံ့ပြားမှ လူဉီးရေ ၁၀,၁၂၈ ဉီးအား အင်တာနက်အသုံးပြုမှုနှင့် ပတ်သက်သည့် အသိပညာနှင့် လုပ်ငန်းဆောင်ရွက်မှု ပြောင်းလဲလာခြင်းတို့အပေါ် မေးမြန်းခဲ့ပါသည်။ မေးမြန်းချက်ရလဒ်အရ Telework ကို အသုံးပြုလာသူ ဉီးရေသည် တိုကျို ၂၃ မြို့နယ်တွင် ၅၅.၅ % ကျော်ရှိကာ တစ်နိုင်ငံလုံးလူဦးရေ၏ ၃၄.၆ % ခန့်ရှိလာပါကြောင်း၊   ရုံးတက်ရုံးဆင်းချိန်နှင့်ပတ်သက်၍  တိုကျို ၂၃ မြို့နယ်တွင် ၅၆ % ထိလျော့ချလာခဲ့ပါကြောင်း တွေ့ရပါသည်။

ဖြေကြားသူဉီးရေ စုစု ပေါင်း၏ ၇၂.၇ % သည် အနာဂတ်တွင်လည်း Telework ကို ဆက်လက် အသုံးပြုလိုကြကြောင်းနှင့် Telework အသုံးပြုများ၏ ၆၄.၂ % သည် အလုပ်အကိုင်ထက် နေထိုင်မှုဘဝပုံစံကို ပြောင်းလဲလိုကြ ကြောင်း ဖြေကြားခဲ့ကြပါသည်။ ထို့အပြင် ဒေသန္တရသို့ ပြောင်းရွှေိ့ နေထိုင်လိုသူ ဉီးရေသည်လည်း မြင့်တက်လာခဲ့ပါကြောင်းစစ်တမ်းအရ သိရပါသည်။ စစ်တမ်းအရ Telework အသုံးပြုသူများ၏ ၂၄.၅ % နှင့် တိုကျို ၂၃ မြို့နယ်တွင် နေထိုင်သူများ၏ ၃၅.၄ % ခန့်ရှိသည့် အသက် ၂၀ နှစ်မှ ၃၀ နှစ် အကြားလူငယ်များသည် ဒေသန္တရဒေသများသို့ ပြောင်း ရွှေ့နေထိုင်လိုကြကြောင်း သိရပါသည်။

  ဇွန်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးပြန်လည်ထူထောင် ရေးဝန်ကြီး မစ္စတာနီရိုမူရက အဆိုပါစစ်တမ်း၏ အချက်အလက်များအရ ဒေသတွင်းပြန်လည် ရှင်သန်မှု၊ မြို့တော်တိုကျိုတွင် နေထိုင်ကြသူများ၏ Telework အသုံးပြုမှုအပေါ် စိတ်ပါဝင်စားမှု၊ လုပ်ငန်းပုံစံပြုပြင်ပြောင်းလဲမှု၊ ဒီဂျစ်တယ် နည်းပညာ သုံးစွဲလာမှုစသည့် အချက်များသည် ရှေ့သို့ဆက်လက်ချီတက်ရန် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထိုအခြေအနေများကို အနာဂတ်နိုင်ငံဖွံ့ဖြိုးတိးတက်မှုဆောင်ရွက်ရေးမဟာဗျူဟာ လုပ်ငန်းစဉ်များအတွက် မူဝါဒ ကျောရိုးမဏ္ဍိုင် (Bone Policy) တစ်ခုအဖြစ် ထင်ဟပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan