USA

ကမ္ဘာ့စီးပွားရေး၂၀၂၀ ခုနှစ်တွင် အတန်အသင့် ပြန်လည်ကောင်းမွန်လာမည်ဟု IMF ခန့်မှန်း

Last Updated:

ကမ္ဘာ့စီးပွားရေးသည် ၂၀၂၀ ခုနှစ်တွင် အတန်အသင့် ပြန်လည်ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ငွေကြေးအကြပ်အတည်းဖြစ်ပြီးကတည်းက အနှေးကွေးဆုံးတိုးတက်မှုနှုန်းနဲ့ ပြန်လည် ဉီးမော့လာမည်ဖြစ်ကြောင်း IMF ကခန့်မှန်းပြောကြားခဲ့ပါသည်။

ကမ္ဘာ့ဂျီဒီပီသည် ၂၀၂၀ ခုနှစ်တွင် ၃.၃ ရာခိုင်နှုန်းနဲ့ တိုးတက်လာနိုင်ပြီး မနှစ်ကထက် ၂.၉ ရာခိုင်နှုန်းပိုမိုလာနိုင်တယ်လို့ IMF က ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် တွင် ထုတ်ပြန်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် ငွေကြေးမူဝါဒလျော့ရဲမှုနှင့် နှစ်နှစ်နီးပါးအမေရိကန်နှင့်တရုတ်တို့ ကုန်သွယ် ရေးစစ်ပွဲတို့ကြောင့် ၂၀၁၉ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ကျဆင်းခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမေရိကန်-တရုတ် ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အတွက် စီးပွားရေးတိုးတက်မှုရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါသည်။ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နှင့်တရုတ်တို့၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် ၂၀၁၈ ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၁ ရာခိုင်နှုန်းသာ တိုးတက်သည်အထိ ကျဆင်းခဲ့ပါသည်။ ယခုနှစ် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုပမာဏ ၂.၉ ရာခိုင်နှုန်း တိုးတက် နိုင်သည်ဟု ခန့်မှန်းထားပါသည်။

ကမ္ဘာ့စီးပွားရေးသည် အမေရိကန်နှင့် တရုတ်ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက် အပေါ်မူတည်ပြီး တိုးတက်နိုင်တယ်လို့ ခန့်မှန်းထားခဲ့သော်လည်း နောင်ကုန်သွယ်ရေး စေ့စပ် ညှိနှိုင်းမှုများတွင် အဆင်ပြေနိုင်မှုအပေါ် မူတည်တယ်လို့ ခန့်မှန်းထားပါသည်။

IMF က အမေရိကန်နှင့် တရုတ်တို့၏ စီးပွားရေးသည် ၂၀၂၀ ခုနှစ်တွင် နှေးကွေးနေအုံးမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ၂.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် ၂ ရာခိုင်နှုန်းထိ တိုးတက်မှုလျော့နည်းနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည်လည်း ၂၀၁၉ ခုနှစ်တွင် ၆.၁ ရာခိုင်နှုန်းမှ ၂၀၂၀ ခုနှစ် ၆ ရာခိုင်နှုန်းထိ တိုးတက်မှုလျော့နည်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။

https://www.wsj.com/articles/imf-predicts-global-economy-will-rebound-in-2020-11579525201

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

Category: USA