China(Nanning)

ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူလာမည့်အစောပိုင်းကာလတွင် ဝန်ဆောင်မှု ကုန်သွယ်ရေး တိုးတက်လာရေးမြှင့်တင်သွားရန် တရုတ်သမ္မတအလေးအနက်ပြောကြား

Last Updated:

ကမ္ဘာ့စီးပွားရေးအစောဆုံးပြန်လည်နာလန်ထူလာရေးအတွက် တွန်းအားပေး ရန်နှင့် ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာရေးမြှင့်တင်သွားရန် အတူတကွဆောင်ရွက်သွားရေးအတွက် စက်တင်ဘာလ(၅)ရက်နေ့တွင် ဗွီဒီယိုဖြင့် ကျင်း ပခဲ့သည့်  2020 China International Fair for Trade in Services (CIFTIS)၏ ကမ္ဘာလုံး ဆိုင်ရာဝန်ဆောင်မှုကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၌ တရုတ်သမ္မတက တိုက်တွန်းလိုက်ပါသည်။

တရုတ်နိုင်ငံအနေဖြင့် ယခုပွဲအား ပြင်ဆင်ရန် အခက်အခဲအမျိုးမျိုးရှိခဲ့သော်လည်း အရေးပါသည့် အပြည်ပြည်ဆိုင်ရာကုန်သွယ် ရေးပြပွဲကို ကျင်းပရန် ဆုံးဖြတ်နိုင်ခဲ့ကြောင်း၊  ကမ္ဘာ့စီးပွားရေးကို အစောဆုံးပြန်လည်နာလန်ထူလာစေရန် အားထုတ်ကြိုးပမ်း သည့်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ရေးအား အတူတကွဆောင်ရွက်နိုင်စေရန် ပူးပေါင်းဆောင်ရွက်သွားလို သည့် စိတ်ဆန္ဒထက်သန်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးရေးအတွက် အရေးကြီးသောတွန်းအားအဖြစ် တိုးပွားလာနေသည့် ဝန်ဆောင် မှုကုန်သွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုတံခါးဖွင့်ပေးရေးအပေါ် တရုတ်သမ္မတက တောင်းဆိုလိုက်ပြီး အောက်ဖော်ပြပါ အဆို ပြုချက် (၃) ရပ်ကို ပြုလုပ်ခဲ့ပါသည် -

(က) ကမ္ဘာ့နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်ရေးအတွက် တံခါးဖွင့်ပေးပြီး အားလုံးပါဝင်သည့် ပတ်ဝန်းကျင်တစ်ရပ်အား အတူ တကွ အားကောင်းခိုင်မာစေသင့်သည်။ တရုတ်နိုင်ငံကလည်း နိုင်ငံဖြတ်ကျော်ဝန်ဆောင်မှုကုန်သွယ်ရေးတွင် ခိုင်မာသည့်ခွင့်ပြု စာရင်း စီမံခန့်ခွဲမှုစနစ်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေး၏ ဆန်းသစ်တီထွင်ထားသော ဖွံ့ဖြိုးတိုးတက်မှုများ ကနဉီးစတင်ဆောင်ရွက် ရေးအတွက် တံခါးဖွင့်ပေးသော platform များ တိုးတက်တည်ဆောက်သွားရန် အပါအဝင် စီမံဆောင်ရွက်မှုများကို ထပ်မံတံခါး ဖွင့်ပေးသွားရန် ကတိကဝတ်ပြုသည်။ တရုတ်၏ဝန်ဆောင်မှုကဏ္ဍတွင် ဈေးကွက်ဝင်ရောက်ခွင့် လွယ်ကူချောမွေ့စေရန် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊  အရည်အသွေးရှိသည့်ဝန်ဆောင်မှုများ တင်သွင်းမှုအား တက်ကြွစွာ ဆက်လက်ဆောင်ရွက် သွားမည်။

(ခ) ဆန်းသစ်တီထွင်မှုကမောင်းနှင်ပေးသော ပူးပေါင်းဆောင်ရွက်မှုအတွက် အရှိန်အဟုန်မြှင့်တင်၍ အားသစ်လောင်းဆောင် ရွက်သွားရန် နိုင်ငံအားလုံးက အတူတကွဆောင်ရွက်သွားသင့်သည်။  အသိဉာဏ်ဆိုင်ရာ အခွင့်အရေးများကာကွယ်ရေး တိုးမြှင့် သွားရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မျှဝေခံစားသော စီးပွားရေးတို့ အားတက်ကြွစွာမြှင့်တင်ရန် တရုတ်နိုင်ငံက နိုင်ငံအားလုံးနှင့် အတူတကွဆောင်ရွက်သွားမည်။

(ဂ) နှစ်ဉီးနှစ်ဖက်အကျိုးဖြစ်ထွွန်းသည့် win-win ပူးပေါင်းဆောင်ရွက်မှုတွင်  နေရာသစ်အခွင့်အလမ်းဖြစ်ပေါ်လာစေရန် ပူးပေါင်း အားထုတ် ကြိုးပမ်းမှုများအတွက် တောင်းဆိုလိုသည်။ နိုင်ငံအားလုံးတို့က ဝန်ဆောင်မှုကုန်သွယ်ရေးတွင် ၎င်းတို့ဖွံ့ဖြိုးတိုးတက် ဆောင်ရွက်ထားမှုအား ပူးပေါင်းဆောင်ရွက်ရေး အားကောင်းခိုင်မာစေသင့်သည်။ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဆန်းစစ်တီထွင်ကာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ပိုမိုနက်ရှိုင်းစေလျက်၊  ဖွံ့ဖြိုးတိုးတက်မှုတွင် ဘုံအကျိုးစီးပွားဖြစ်ထွန်း မှုများကို အမြင့်ဆုံးဖြစ်စေ ရေးကြိုးပမ်းသင့်ကြသည်။

သမ္မတရှီ၏ မိန့်ခွန်း၌ တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍအား ပိုမိုတံခါးဖွင့်ပေးသွားရန် ပံ့ပိုးကူညီမှုများပြုလုပ်ပေးသွားမည် ဟူ သော ကတိကဝတ်ပါဝင်ပြီး၊ နိုင်ငံအဆင့် ပေါင်းစည်းထားသည့် သရုပ်ပြဇုန်တစ်ရပ် ဖွံ့ဖြိုးလာရေးတွင် ပံ့ပိုးမှုများပြုလုပ်သွားမည် ဖြစ်ကာ ၊ ဘေကျင်းမြို့တွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများ အတွက် စမ်းသပ်လွတ်လပ်သောကုန်သွယ်မှုဇုန်နှင့် ဒစ်ဂျစ်တယ် စီးပွားရေးတည်ထောင်သွား၍ ဝန်ဆောင်မှုကဏ္ဍအား တံခါးဖွင့်ပေးသွားမည်ဟု သိရပါသည်။ ၎င်းဇုန်မှာ ဘေကျင်း- တီရန်ကျင်း-ဟာဘေဒေသများ၏ ပူးပေါင်းထားသည့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆင့်မြင့်တံခါးဖွင့်လှစ်ပေးထားသော platform တစ်ရပ်ဖြစ်လာမည်ဖြစ်ပါသည်။

CIFTIS မှာ ဝန်ဆောင်မှုကုန်သွယ်ရေးကို နှစ်မြှုပ်ဆောင်ရွက်နေသည့် ပြပွဲနှင့် ကုန်သွယ်ရေး platform ကြီးတစ်ခုဖြစ်ကာ ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပလာခဲ့သည်မှာ (၆) ကြိမ်တိုင်ရှိပြီဖြစ်ပါသည်။ ယခုနှစ်အတွက် ပြပွဲအာဘော်မှာ "ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု၊ မျှဝေခံစားသော ကြွယ်ဝချမ်းသာမှု" ဟူ၍ ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ ဆင်ဟွာ (၄-၉-၂၀၂၀)

Category: China(Nanning)