China (HongKong)

ကမ္ဘာ့စီးပွားရေးကျဆင်းလျှက်ရှိရာဟောင်ကောင်စတော့ရှယ်ယာများကျဆင်းလျှက်ရှိခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာအနှံ့တွင် သေဆုံးသူ ၁၄.၅၀၀ ဦးကျော်အထိ မြင့်တက်လျှက်ရှိကြောင်း၊ အမေရိကန်မှလည်း အလုပ်လက်မဲ့များပြားလာ နိုင်ခြင်းကို ထိန်းထားရန်ကြိုတင်စီစဉ်မှုအနေဖြင့် အမေရိကန်‌ဒေါ်လာ (၁.၅) ထရီလီယံ သုံးစွဲမည်ဖြစ်ကြောင်း၊ ဟောင်ကောင်‌ဒေသရှိ Innocare Pharma ၏ ရှယ်ယာများ (၅.၉) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီသည် သုတေသနဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အစိုးရထံမှလည်း အထောက်အပံ့ များရရှိထားကြောင်း၊ ကျန်းမာရေးသုံးပစ္စည်းများဖြန့်ဖြူးရောင်းချသည့်  Shunten International သည် Devinadia နှင့် လုပ်ငန်းများ ဖက်စပ်ပူးပေါင်းဆောင်ရွက်ပြီး Shunten International ၏ ရှယ်ယာမှာ (၃.၁) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ Allibaba မှ (၅.၂) ရာခိုင်နှုန်း၊ Tencent မှ (၃.၆) ရာခိုင်နှုန်းနှင့် Hang Seng မှ (၅) ရာခိုင်နှုန်းကျော် အသီးသီးလျော့ကျခဲ့ကြောင်း၊ ခရီးသွားများ ကန့်သတ်ခြင်းနှင့် လူစုလူဝေးများ ပြုလုပ်ခြင်းများ ရှောင်ရှားရန် သတ်မှတ်ချက်များကြောင့်  မကာအိုဒေသရှိ ကာစီလုပ်ငန်းများသည်လည်း ၂၀၂၀ ပြည့်နှစ် ဒုတိယလပတ်အထိ ပြန်လည်လည်ပတ်နိုင်မှုမှာ နှေးကွေးနေမည်ဖြစ်ကြောင်း၊  Sands China  မှ ဝင်ငွေ (၆.၁) ရာခိုင်နှုန်းနှင့်  MGM China မှ (၆.၂) ရာခိုင်နှုန်း အသီးသီး လျော့ကျခဲ့ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ဝေသော South China Morning Post  သတင်းစာတွင် “Hong Kong,China stocks fall on worries world is falling into recession over coronavirus” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည့် သတင်းအား တင်ပြအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

 

Category: China (HongKong)