Belgium

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စဉ်းစား နေကြောင်း အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan အတည်ပြုပြောကြားခဲ့ခြင်း

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) ၏ အကြီးအကဲရာထူးနေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်းကို အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Mr. Phil Hogan က အတည်ပြုပြောကြားခဲ့ကြောင်း၊ ၎င်းအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် နည်းလမ်းကို ရှာဖွေလျက်ရှိသည်ဟုအီးယူ၏ ဝန်ကြီးများနှင့်အစည်းအဝေးအပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးအား ပိုမိုထိထိ ရောက်ရောက် လည်ပတ်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ရှိနေရုံသာမက COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာအသိုက်အဝန်းအပေါ် ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ် စေသည့် အရေးပါသော ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များစွာကိုလည်း ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေ သည်ဟု ၎င်းအနေဖြင့် ထင်မြင်ယူဆထားကြောင်းလည်း ပြောကြားခဲ့ပါ သည်။

အီးယူနိုင်ငံများအနေဖြင့် ဥရောပတစ်ခုလုံးအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးတည်းကိုသာ တင်သွင်းသင့်ကြောင်းကိုလည်း အစည်းအဝေးအဖွင့်တွင် Phil Hogan က ထည့်သွင်းပြောကြား ခဲ့ကြောင်း၊ အီးယူသည် နိုင်ငံစုံစနစ်တွင် ခိုင်မာအားကောင်းသော အရည်အသွေးများရှိပြီး၊ နိုင်ငံစုံ ကုန်သွယ်မှုစနစ်အားအကာအကွယ်ပေးရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးအား ထောက်ကူပေး ထားနိုင်သော အင်အားစုတစ်ရပ်အဖြစ်လည်း အသိအမှတ်ပြုထားကြပါကြောင်း၊ ယင်းအချက်ကြောင့်  အီးယူအနေဖြင့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာကို အဆိုပြုရန် အနေအထားသို့ ရောက်ရှိစေကြောင်း၊ လာမည့် သီတင်းပတ်များတွင် အီးယူကိုယ်စား လှယ်လောင်းတစ်ဦး ရွေးချယ်သတ်မှတ်နိုင်ရေး ထပ်မံညှိနှိုင်းမှုများပြုလုပ်သွားရန်ကို ၎င်းအနေဖြင့် အဆိုပြုလိုကြောင်း ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

အီးယူနိုင်ငံများအနေဖြင့်၎င်း၏ ကိုယ်စားလှယ်လောင်းနေရာအတွက် ထောက်ခံမှုရှိ/မရှိ မေးမြန်းချက်များနှင့်ပတ်သက်၍ အီးယူအဖွဲ့ဝင်နိုင်ငံများစုသည် ဥရောပသမဂ္ဂကို ကိုယ်စားပြု၍ ကိုယ်စားလှယ် လောင်းတစ်ဦးတည်းကသာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရေးကို ပိုမိုထောက်ခံလိုကြသည်ကို သိရှိရကြောင်း၊ သို့ရာတွင် ယင်းကိစ္စရပ် နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း Politico ၏ ၉-၆-၂၀၂၀ နေ့တွင် သတင်း ဖော်ပြထားမှုအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (Politico)

 

Category: Belgium