Thailand

ကမ္ဘာလုံးဆိုင်ရာ ဗြောင်းဆန်မှုများအကြားမှ ကုန်စည်ပြပွဲများ ရွှေ့ဆိုင်းပယ်ဖျက်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲအား လုံးနီးပါးကို စက်တင်ဘာလအထိ ဖယ်ရှားခဲ့ပါသည်။ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Somdet Susomboon က ဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး စီမံချက်များအား ကပ်ရောဂါအခြေအနေနှင့်ပြန်လည်ချိန်ညိှဆန်းစစ်နေကြောင်း၊ ပြည်တွင်းကုန်စည်ပြပွဲ အားလုံးအား ရွှေ့ဆိုင်းခြင်း၊ အလားတူပြည်ပကုန်စည်ပြပွဲများ၊ ပြပွဲများ၊ ကွန်ယက်ချိတ်ဆက်ပွဲ အခမ်းအနားများနှင့့်် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုများ အားလုံးတို့လည်းပါဝင် ကြောင်း ပြောကြားခဲ့ပါသည်။

ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန အနေဖြင့် ပို့ကုန်မြှင့်တင်ရန်နှင့် လူလူခြင်းထိတွေ့မှုမရှိစေရန် အွန်လိုင်းပြပွဲများ(Exhibitions)နှင့် Virtual Trade Shows များကို ပြောင်းလဲ ဆောင်ရွက်သွားလိမ့်မည်ဖြစ်ပါသည်။ ပြည်တွင်းပြပွဲများအနေဖြင့် Betac ၌ကျင်းပမည့် ထိုင်းအပြည် ပြည် ဆိုင်ရာ မော်တော်ကား အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းပြပွဲကို ဧပြီလ(၂-၅) အစား စက်တင်ဘာလ (၃-၆) သို့လည်းကောင်း၊ Impact Muang Thing Thani ၌ ကျင်းပမည့် THAIFEX-Anuga Asia 2020 ကို မေလ (၂၆-၃၀) မှ စက်တင်ဘာလ(၂၂-၂၆)သို့ လည်းကောင်း ရွှေ့ပြောင်းခဲ့ပါသည်။

Mr. Somdet က နိုင်ငံခြားတိုင်းပြည်များ၌ ကျင်းပမည့် ထိုင်းထုတ်ကုန်ပြပွဲများအတွက် Top Thai Brands ပြပွဲများအတွက်ကို စီစဉ်ရည်မှန်းထားသည့်နိုင်ငံများမှ လက်ခံပါက စီစဉ်ထားသည့်အတိုင်း တာဝန်ယူ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုလ အစောပိုင်းတွင် မြန်မာနှင့် အိန္ဒိယတို့၌ အဆိုပါပွဲများ ကျင်းပခဲ့ကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်၌ ကျင်းပမည့်ပွဲကိုမူရွှေ့ဆိုင်းခဲ့ရကြောင်းပြောကြားခဲ့ပါသည်။

၎င်းက ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန အနေဖြင့် သင်တန်းများနှင့် နှှီးနှော ဖလှယ်ပွဲများ (Seminars)အား ဖေ့ဘွတ်အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။ ဌာနမှ အမည်မဖေါ်လိုသူတစ်ဉီးက ရောဂါပျံ့နှံ့မှုကြောင့်ကမ္ဘာတစ်ဝှမ်းလုံး၌နိုင်ငံတကာပြပွဲပေါင်း (၁၀၀) ကို ဖျက်သိမ်းရွှေ့ဆိုင်း ခဲ့ကြောင်း၊ အများစုမှာ တရုတ်နှင့်အီတလီတို့တွင် ဖျက်သိမ်းခြင်း (သို့မဟုတ်) ရွှေ့ဆိုင်းခြင်းတို့ဖြစ်ကြောင်း ‌ပြောကြားခဲ့ပါသည်။ သတင်းရင်းမြစ်အရဌာန၏ ဖျက်သိမ်းရွှေ့ဆိုင်းခဲ့သော ကုန်စည်ပြပွဲများထဲတွင် လာအိုနိုင်ငံ Vientiane တွင်ကျင်းပမည့် TopThai Brands 2020 နှင့် ဖိလစ်ပိုင်နိုင်ငံ Cebu တွင်ကျင်းပမည့် Mini Thaialnd week 2020 တို့လည်းပါဝင်နေကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲများဖြစ်သော Foodex Japan၊ Japan Golf 2020 ၊Seoul Living Design Fair 2020၊ Korea Build 2020 တို့မှာလည်း ဗိုင်းရပ်စ်ကြောင့် ခြိမ်းခြောက်ခံရလျှက်ရှိနေပါသည်။ ကုန်စည်ပြပွဲများမှာ ထိုင်း SMEs များအတွက် နိုင်ငံခြားမှ ဝယ်ယူမှုများကို သေခြာစေပါသည်။ ယခု ကုန်စည် ပြပွဲများရွှေ့ဆိုင်းခြင်း ဖျက်သိမ်းခြင်းများက ရောင်းအားကို သိသိသာသာထိခိုက်စေလိမ့်မည်ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကုန်သွယ်မှုမြှင့်တင်ရေး ဉီးစီးဌာနသည် Bangkok Gems and Jewelry Fair နှင့် Style Bangkok တို့အပါအဝင် အဓိကပြပွဲကြီး (၆) ခုလောက်အား ပြည်တွင်း၌ ကျင်းပဆောင်ရွက်လေ့ရှိပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Jurin Laksanawisit က ဒီဇင်ဘာလတွင် သူ့အနေဖြင့် တိုင်းပြည်၏ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိကကဏ္ဍမှ ကုန်သွယ်ရေး မစ်ရှင်အဖွဲ့ကိုဉီးဆောင်ကာ နိုင်ငံပေါင်း (၁၈) နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းကြေငြာခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရန်အတွက် တရုတ်နှင့်အိန္ဒိယတို့၏ ပြည်တွင်း အစိုးရများနှင့်ဒေသတွင်းကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ အား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။

ကုန်သွယ်မှု  တိုးမြှင့်ရန် ယခုနှစ်အတွက် ရည်မှန်းထားသော နိုင်ငံများတွင် အိန္ဒိယ၊ ဂျပန်၊ တောင်အာဖရိက၊ သီရီလင်္ကာ၊ ဟောင်ကောင်၊ တရုတ်၊ ဗီယက်နမ်၊ ပြင်သစ်၊ ဗြိတိန်၊ အရှေ့အလယ်ပိုင်း၊ ရုရုား၊ ဩစတြေးလျှ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောတို့ ပါဝင် ပါသည်။

Mr. Jurin က ကမ္ဘာ့ နိုင်ငံပေါင်း(၅၈)နိုင်ငံရှိ ထိုင်းကုန်သွယ်မှုစင်တာ( (Thai Trade Centers)များရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အရာရှိများနှင့် ညွှန်ကြားရေးမှူး များအား တရုတ်နှင့်အိန္ဒိယတို့ရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အပါအဝင်ဒေသတွင်းကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများအား စတင် ရှာဖွေဖော်ထုတ်ဆောင်ရွက်သွားရန် အမိန့် ညွှန်ကြားချက်ကိုထုတ်ပြန်ခဲ့ပါသည်။

Mr.Jurin က ထိုင်းပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် နိုင်ငံအသီးသီးနှင့် ကုန်သွယ်မှု ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုများကို ယခုနှစ်အတွင်းဆက်လက်ဆောင်ရွက်သွားရ မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ၎င်းက ထိုင်းနိုင်ငံအနေဖြင့် တူရကီနိုင်ငံနှင့် ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ဆွေးနွေးမှုများကို ယခုနှစ်တွင် အပြီး သတ်စေခြင်ကြောင်းနှင့် ပါကစ္စတန်၊ သီရိလင်္ကာတို့နှင့် ဆွေးနွေးပွဲများကိုလည်း အရှိန်မြှင့်တင်သွားရန် ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post            

Category: Thailand