China(Beijing)

ကန်းစုပြည်နယ်သည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုသိသိသာသာမြင့်တက်ခဲ့ခြင်း

Last Updated:

         တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်းရှိကန်းစု (Gansu) ပြည်နယ်သည် ၂၀၁၉ ခုနှစ်၊ ပထမ ၁၁ လအတွင်း အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်မှုများစွာတိုးတက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း အာဆီယံနိုင်ငံများသည် ပြည်နယ်၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရပ်တည်လျက်ရှိသည်ဟု ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့ကြောင်း၊ အဆိုပါကာလများအတွင်း အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ယွမ်( ၄.၁၁) ဘီလီယံ ( အမေရိကန်ဒေါ်လာ ၅၈၇.၄) သန်း) သို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၅၁.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်း ရှိကြောင်း၊ ကန်းစုပြည်နယ်သည် ရပ်ဝန်းနှင့်ပိုးလမ်းမလမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ ယွမ် ၁၈.၆၃ ဘီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် ၂.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ကန်းစု ပြည်နယ်သည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အရှေ့တောင် အာရှနိုင်ငံ များနှင့် (၅) နှစ်တာကာလအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏ တရုတ်ယွမ် (၂.၅) ဘီလီယံကျော်ရရှိအောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကုန်သွယ်မှုပမာဏရရှိရန် တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများသို့ ကြက်သွန်နီနှင့် တရုတ်ရိုးရာတိုင်းရင်းဆေးများတင်ပို့ခြင်း၊ အာဆီယံနိုင်ငံများမှ အသီးအနှံများနှင့် ရှားပါးဆေးဖက်ဝင်အပင်များ တင်သွင်းခြင်းဆိုင်ရာ သဘောတူစာချုပ်အား ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)