China(Nanning)

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို စက်တင်ဘာလတွင် ကျင်းပပြုလုပ် မည်ဖြစ်

Last Updated:

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည့် နန်နင်းမြို့တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ ယခုနှစ် ပြပွဲတွင် တီထွင်ဆန်းသစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အသားပေးပြသသွားမည် ဖြစ်ကာ၊ လာအိုနိုင်ငံက ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ပါဝင်မည်ဖြစ်ပါသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပရေးအတွင်းရေးမှူးရုံးမှ ထုတ်ပြန်ကြေငြာချက်အရ ယခုနှစ်ပြပွဲမှာ တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှုနယ်မြေ၏ အဆင့်မြှင့်တင်ထားသော အခြေပြစာချုပ်အား နီးကပ်စွာလိုက်နာမည်ဖြစ်ပြီး၊ ဒစ်ဂျစ်တယ် စီးပွားရေး၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဉီးဆောင်ပန်းတိုင်ဖြင့် ဒစ်ဂျစ်တယ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အသွင်ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းပြုရန် သတင်းအချက်အလက်နည်းပညာ မျိုးဆက်သစ်တို့အပေါ် အလေးထား သွားမည်ဖြစ်ကြောင်း သိရပါသည်။

ထို့ပြင် တန်ဖိုးမြှင့်ကုန်စည်ပစ္စည်းများ ခင်းကျင်းပြသမှုနှင့် သိပ္ပံဆိုင်ရာနှင့် နည်းပညာ ဆိုင်ရာပါဝင်ပြသမှုများကို ပိုမိုအလေးထားသွားမည်ဖြစ်ပါသည်။ ထို့ပြင် တရုတ်-အာဆီယံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်နှင့်  စက်မှုလုပ်ငန်းဆိုင်ရာကွင်းဆက်၊ ကုန်စည်ထောက်ပံ့မှုဆိုင်ရာကွင်းဆက်နှင့်  တန်ဖိုးကွင်းဆက်တို့တွင် နှစ်ဉီးနှစ်ဖက်အကြားနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ဝန်ဆောင်မှု ကုန်သွယ် ရေး၌ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အားကောင်းခိုင်မာစေမည်ဖြစ်ပါသည်။

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို စတုရန်းမီတာ(၁၀၄,၀၀၀) ကျယ်ဝန်းသော နေရာ၌ ခင်းကျင်းပြသမည်ဖြစ်ကာ၊ ကုန်စည်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး၊ အဆင့်မြင့်နည်းပညာ၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် နှစ်လိုဖွယ် မြို့တော်များဟူသည့် အဓိကပြခန်းဆောင်ကြီး (၅) ခု ပါဝင်ပါမည်။ ထို့ပြင် ဘဏ္ဍာရေး၊ ခရီးသွား၊ သစ်တောနှင့် သစ်သားထည်ပစ္စည်းများနှင့် အထူးပြုလုပ်ချက်များဖြင့်  ကစားနည်းများ (animation games) စသည့်နယ်ပယ်များတွင် အထူးပြခန်းများဖြင့် ခင်းကျင်းပြသမည်ဖြစ်ပါသည်။

ထိုမျှမက ယခုနှစ်အတွင်း တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပရေးကော်မတီက  အာဆီယံနိုင်ငံများတွင်လည်း ပြည်ပကုန်စည်ပြပွဲများကို သွားရောက်စီစဉ် ကျင်းပမည်ဖြစ်ပါသည်။  မေလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ 2020 China-ASEAN Expo Laos Exhibition ကိုလည်းကောင်း၊ ဇူလိုင်လအတွင်း 2020 China-ASEAN Expo Vietnam Electromechanical Exhibition ကိုလည်းကောင်း၊ နိုဝင်ဘာလအတွင်း 2020 China-Myanmar Import and Export Products Exhibition ကိုလည်းကောင်း ကျင်းပသွားမည်ဖြစ်ပါသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်နှင့် အာဆီယံနိုင်ငံများ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများ၊ စီးပွားရေးနှင့်ကုန်သွယ်ရေး အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းကျင်းပသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲတစ်ခုဖြစ်ပြီး၊ ကွမ်ရှီး အစိုးရမှ နှစ်စဉ်စီစဉ်ကျင်းပလျက်ရှိခြင်းဖြစ်ပါသည်။  တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သော နိုင်ငံတော်အဆင့် အဓိကပြပွဲကြီးတစ်ခုဖြစ်ပြီး၊ ရပ်ဝန်းနှင့် လမ်းကြောင်း တည်ဆောက်ရေးတွင်လည်း ပါဝင်အားဖြည့်လျက်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ en.gxzf.gov.cn (၃-၃-၂၀၂၀)

Category: China(Nanning)