Local News

ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူစာချုပ်ကို ၁၇.၇.၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်း

Last Updated:

ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေး၊ ဥရောပသမဂ္ဂ ဥက္ကဌ Mr.Jean Claude Juncker တို့မှ ဥရောပသမဂ္ဂနှင့် ဂျပန်တို့အကြား လွတ်လပ်စွာ ကုန်သွယ်ခွင့်သဘောတူစာချုပ်၊ Japan-EU Economic Partnership Agreement အား ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ ၁၇.၇.၂၀၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါသည်။ လွတ်လပ်စွာကုန်သွယ်ခွင့်အား လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် ၄င်းစျေးကွက်များသည် စျေးကောင်းရရှိနိုင်သော စျေးကွက်များ ဖြစ်သည်။ ဂျပန်-အီးယူနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် GSP အခွန်သက်သာခွင့်ပေးထားသဖြင့် ယင်းစျေးကွက်များ၏ လိုအပ်ချက်အတိုင်း တင်ပို့နိုင်ပါက မြန်မာ့ပို့ကုန်ကဏ္ဍ တိုးမြှင့်နိုင်မည်ဖြစ် ပါသည်။

Category: Local News