Local News

OECD Investment Policy Review of Myanmar

Last Updated:

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးအား OECD, Directorate for Financial and Enterprise Affairs, Investment Division မှ Project Manager, Mr. Martin Wermelinger, Ph.D ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် OECD မှ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်လိုသူများ လွယ်ကူအဆင်ပြေစေရန်အတွက် ဒုတိယအကြိမ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒဆန်းစစ်ခြင်း (Investment Policy Review) ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ကုန်သွယ်မှုလွယ်ကူချော မွေ့စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းရပ်များ၊ ကုန်သွယ်မှုဆိုင်ရာ မူဝါဒလုပ်ထုံးလုပ်နည်း များ၊ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းတွင် OECD မှ မစ်ရှင်အဖွဲ့ ထပ်မံလာရောက်မည်ဖြစ်ကြောင်း၊ Full Draft Report သည် ၂၀၁၉ ခုနှစ်၊ ဇွန်၊ ဇူလိုင်လခန့်တွင် ထွက်ရှိမည်ဖြစ်ကြောင်းနှင့် အောက်တိုဘာလတွင် Presentation ပြုလုပ်သွားမှာဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြပါသည်။

KNDM(DG Office)

Category: Local News