Local News

Ministry of Economy, Trade and Industry

Last Updated:

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးအား ဂျပန်နိုင်ငံ Office for Economic Development and Integration in East Asia, Trade Policy Bureau, Ministry of Economy, Trade and Industry မှ Director, Mr. ORIYAMA Mitsutoshi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် လာရောက်တွေ့ဆုံ ဆွေးနွေးပါ သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်တစ်ဦး လာရောက်၍ မြန်မာနိုင်ငံ တွင် E-commerce ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလမှစ၍ ၆ လကြာ လေ့လာသုတေသန ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါသုတေသန ပြုမှုအပေါ်တွင် မူတည်၍ Rules and Regulation ၊ Capacity Building ၊ Electronic Signature နှင့် Consumer Protection စသည့်အပိုင်းများတွင် မည်သို့ပံ့ပိုးပေးနိုင်မည်ကို စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်း တို့လည်း တက်ရောက်ခဲ့ကြပါသည်။

 

KNDM(TIR)

Category: Local News