Local News

ဘယ်လဂျီယံနိုင်ငံ FLANDERS ဒေသမှ စီးပွားရေးမစ်ရှင် မြန်မာနိုင်ငံသို့လာရောက်မည်

Last Updated:

ဘယ်လဂျီနိုင်ငံ FLANDERS ဒေသမှ စီးပွားရေးမစ်ရှင်တစ်ခုသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်ထိ မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လဂျီယံနိုင်ငံသံရုံး၊ ဖလန်ဒါရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွင် အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ အစားအစာနှင့် အဖျော်ယမကာ၊ ကျန်းမာရေး၊ စွမ်းအင်စသည့် ကဏ္ဍများ၌ ဦးဆောင်လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီပေါင်း (၂၂) ခုပါဝင်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများကိုရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာကုမ္ပဏီများနှင့် ဘယ်လဂျီယံကုမ္ပဏီများအကြား စီးပွားရေးတွေ့ဆုံညှိနှိုင်းပွဲ (Business Matching) ကိုလည်း ဒီဇင်ဘာလ ၄ ရက် နေ့လည် ၁ နာရီ ၃၀ မိနစ်မှ ၃ နာရီ ၃၀ မိနစ်အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ စိတ်ပါဝင်စားသော မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အီးမေးလ်လိပ်စာ - [email protected] နှင့် ဖုန်းနံပါတ် 09 791636373 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါသည်။

Participant Brochure ရယူရန်

Category: Local News