ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းအပြောင်းအလဲ (ဧရာဝတီ)

Last Updated:

 ယခင်သီတင်းပတ်ကာလအတွင်း မြန်မာနိုင်ငံတွင်  Covid 19 ရောဂါတွေ့ရှိမှု‌ကြောင့်  ပဲအဝယ် ယာယီရပ်သွားခဲ့ပြီး ကုန်စည်ဒိုင်အချို့အဝယ်ရပ်ခြင်း၊ ယာယီပိတ်သိမ်းခြင်းများရှိခဲ့သဖြင့် ဧရာဝတီတိုင်း  ဒေသကြီး မတ်ပဲဈေးနှုန်းသည် အကျဘက်သို့ဦးတည်ခဲ့ကာ တစ်တင်းလျှင် ၂၅၀၀၀ ကျပ်ထိကျဆင်းခဲ့သည်။

မတ်လ ၂၅ ရက်နေ့တွင် မတ်ပဲဈေးနှုန်း တစ်တင်းလျှင် ၂၅၄၀၀ ကျပ်၊ မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက် နေ့ထိကာလများတွင် ၂၇၅၀၀ ကျပ်ဝန်းကျင်သို့ပြန်လည် မြင့်တက်လာသည်။ ၂၉ ရက်နေ့တွင် တစ်တင်း လျှင် ၂၇၆၀၀ ကျပ်နှင့် ၃၀ ရက်နေ့တွင် ၂၇၈၀၀ ကျပ်ထိမြင့်တက်လာပြီး မတ်လ ၃၀ ရက်နေ့ ညနေပိုင်း တွင်အပိတ်ဈေး  ၂၈၈၀၀ ကျပ်ထိရောက်ရှိလာသည်။ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်း အဖွင့် ဈေးမှာပင် တစ်တင်းလျှင် ၂၉၃၀၀ ကျပ်မှ ၂၉၅၀၀ ကျပ်အတွင်း စတင်ရောင်းဝယ်လျှက် ရှိခဲ့သည်။

စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ နယူးဒေလီ ၏ မတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံမှ ပဲတီစိမ်းတန်ချိန် ၁.၅ သိန်း နှင့် ပဲစဉ်းငုံတန်ချိန် ၄ သိန်း တင်သွင်းရန်ကြေငြာချက်အရ လည်းကောင်း၊ Covid 19 ရောဂါအခြေအနေ များကြောင့်  အိန္ဒိယနိုင်ငံတွင် ပဲဝယ်ယူသိုလှောင်မှုများပြားခဲ့ပြီး ပြည်တွင်းဈေးနှုန်း မြင့်တက်လာခြင်း၊ အိန္ဒိယနိုင်ငံ၏ အရန်ပဲများကိုထုတ်သုံးလာရခြင်း၊ အရန်ပဲပမာဏနည်းပါးလာခြင်း၊ စသည့်အခြေအနေများ ကြောင့်လည်းကောင်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် ၄ သိန်း တင်သွင်းရန် သဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာနှစ်ကာလ ဧပြီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အတွင်း တင်ပို့ရမည်ဖြစ်သော်လည်း ယခင် FOB တင်ပို့မှုများကြောင့် မတ်ပဲကုန်စည်ဒိုင်များတွင် မတ်ပဲလက်ကျန်နည်းပါးနေခြင်း၊ နယ်ကုန်သည်အချို့ထံတွင် သာ သိုလှောင်ထားသောပဲလက်ကျန်ရှိနေခြင်း၊ စသည့်အ‌ခြေအနေများကြောင့်လည်းကောင်း၊ မတ်ပဲဈေးနှုန်း ရုတ်ချည်းမြင့်တက်လာခဲ့ပြီး ဆက်လက်၍ ဈေးနှုန်းအမြင့်ဘက်သို့ ဆက်လက်တက်မြဲတက်နေဦးမည်ဟု သုံးသပ်ရရှိပါသည်။