International News

ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အခြေအနေ

Last Updated:

အမေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှုကြောင့် ကိုရီးယားသမ္မတနိုင်ငံ၌ ကိုရီးယား ဝမ်ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာတန်ဖိုးထက် ကျဆင်းမှုများ ဖြစ်ပေါ် ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ လူတစ်ဉီးချင်းစီ၏ စုစုပေါင်းအမျိုးသားဝင်ငွေ (Nation’s Per Capital Gross National Income)သည် ဆယ်စုနှစ် တစ်ခုတာကာလအတွင်း ကြီးမားဆုံးသောကျဆင်းမှုကို ဖြစ်ပေါ် ခဲ့ကြောင်း Bank of Korea (BOK) ၏ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်းတွင် ဖော်ပြချက်အရသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ်တွင် နိုင်ငံ၏GDPသည် ပိုမိုကျဆင်းနိုင်ကြောင်းဗဟိုဘဏ် Bank of Korea (BOK) ကခန့်မှန်းထားရာ၊ လက်ရှိအနေအထားမှသည် နောက်ထပ်(၂) ရာခိုင်နှုန်း ထပ်မံကျဆင်းသွားနိုင်ကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် ဇွန်လအတွင်း GDP အခြေအနေများက ပို့ကုန်တင်ပို့နိုင်မှုနှင့် အစိုးရ၏စီးပွားရေးပြန်လည်တည့်မတ်ရန် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများ တိုးချဲ့ဆောင်ရွက်ပေးနိုင်မှုတို့အပေါ်တွင် မူတည်နေမည်ဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှုဆိုင်ရာကိစ္စ၏ တိုးတက်မှုအခြေအနေများက ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအလားအလာပေါ်တွင် သက်ရောက်မှု ရှိသည်ကိုလည်း သတိမူရန်လိုအပ်ကြောင်းဖြင့် ဗဟိုဘဏ် Bank of Korea (BOK) ၏ စီးပွားရေးဆိုင်ရာ စာရင်းအင်းဗျုရို၏ ညွှန်ကြားရေးမှူး Park Yang-soo က ခန့်မှန်းထားပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News